Pages

Pages

ရွှေတောင်မြို့နယ်၌ လူငယ်‌ေရးရာအသိပညာပေးဟောပြောခြင်းများနှင့် အာဟာရဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေးခြင်းများဆောင်ရွက်





MNP ၊    ဇွန်   ၃၀

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် အမက(ကူကြီး)ကျောင်းတွင်ကျောင်းသား / ကျောင်းသူ များအား လူငယ် ရေးရာ အသိပညာပေး ဟော‌ေပြာခြင်းနှင့် အာဟာရဖွံ့ဖြိုးတိုးတက်‌ေစရန် နွားနို့တိုက်‌ေကျွးခြင်းများ ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်း ကကျောင်းသား / ကျောင်းသူ များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ ပြန်ကြာ‌ေးရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။


ထို့နောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းနှင့်ဝန်ထမ်းများက ကျောင်းသား ၊ကျောင်းသူ( ၁၃၅) ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး တစ်လလျှင်ရွှေတောင်မြို့နယ်အတွင်းရှိအခြေခံပညာမူလတန်းကျောင်း( ၁၀) ကျောင်း ကို နို့ပိဿာချိန် ( ၁၅၀) ချိန်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment