ရွှေတောင်မြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါးများရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါးများရောင်းချပေး






MNP ၊    ဇွန်   ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် စည်ပင်သာယာ မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါးများရောင်းချပေးခဲ့ကြောင်းသိရသည်။


          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ယွန်းတန်းရပ်ကွက် မြို့မစျေးအနီးတွင်  ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ကြက်ကောင်လုံး ( ၁) ပိဿာ ( ၇၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၁၅)ပိဿာ၊ ဝက်သား( ၁) ပိဿာ ( ၁၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၁၅)ပိဿာ၊ ငါး ( ၁) ပိဿာ ( ၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၅)ပိဿာ၊ အမဲသား ( ၁) ပိဿာ ( ၁၃၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၁၀)ပိဿာတို့အားဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)