ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ၂၀၂၃ ခုနှစ်အတွက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ၂၀၂၃ ခုနှစ်အတွက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု ရရှိ





MNP ၊ ဇွန် ၁၄

၂၀၂၃ခုနှစ် အတွက် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးမှပေးသော အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုကို ရှင်သန်ရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။


ဦးထွန်းထွန်းဦးက ဘဝအတွက် အမှတ်တရ ဟု ခေါင်းစဉ်တပ်၍ " 2023 ခုနှစ်အတွက် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးမှပေးသော အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုကို အဝေးရောက် လက်ခံရရှိပါသည်ခင်ဗျာ။ မိခင်ကြီးနှင်တကွ အလှူရှင်များ၊ ပရဟိတညီအကိုမောင်နှမများနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိအပ်ပါသည်ခင်ဗျာ။" ဟု ဦးထွန်းထွန်းဦး က ရှင်သန်ရေးကူညီမှုအသင်း စာမျက်နှာမှ ရေးသားဖော်ပြထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)