ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပ‌ဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပ‌ဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုကြည့်ရှု



MNP ၊ ဇွန် ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်တို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက်တွင် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့် အကွက်အမှတ် (၅) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယမန်နေ့က ပါတီဌာနချုပ်၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီ၏လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက်တင်ပြကြသည်။


ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁၀၀၀၀၀ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စု တစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရန်၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်သွား ရန်၊ ပါတီ၏ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်သွားရန်၊ ပါတီဝင်များ ကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနများနှင့် ဆက်သွယ်‌ ဆောင်ရွက်သွားရန်၊ အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရပြီး နိုင်ငံတော်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားသည်။


ထို့နောက် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးခန်းမ၊ ဥက္ကဋ္ဌရုံးခန်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ရုံးခန်းများ၊ စာကြည့်တိုက်၊ ပါတီဝင် အင်အားစာရင်းများ ထားရှိသည့် မှတ်တမ်းဌာနနှင့် သင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသွားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)