Pages

Pages

ပေါက်တောမြို့၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး




MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ အသက်(၅)နှစ်အထက် KG ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် မှု ကာကွယ်နိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(sinopharm) ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဖြင့် ယနေ့အထိ ပထမအကြိမ် ဆေးထိုးပြီး ကျောင်းသား ကျောင်းသူ ၃၁၀ ဦးကို ကျန်းမာရေးဝန်ထမ်းများ၊ကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment