Pages

Pages

မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ




MNP ၊    ဇွန်   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ မူယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူငယ်များ ပျက်စီးဆုံးရှုံးမှုများ  မဖြစ်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့သည်။


ထိုသို့ ဖြန့်ဝေရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးစီးဌာန(ရုံးချုပ်)မှ ဖြန့်ဝေသော သတင်းစကား လက်ကမ်းစာစောင်ကို  ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် သွားရောက်ဖြန့်ဝေပေးခြင်းဖြစ်သည်။ အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားခဲ့သည် မိန့်ခွန်းကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးတို့ ရှောင်ရှား(ကဗျာ)၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက် (ဆောင်ပါး)နှင့် ကာတွန်းများကို ဗဟုသုတရဖွယ်ဖြစ်အောင်ရေးသား၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


စောဥမ္မာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment