Pages

Pages

ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ


MNP ၊    ဇွန်   ၂၂

ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါလူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကိုယ်ကာယ ကျန်းမာအောင် နေထိုင်နည်းများ၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် လေ့လာသင့်သည့် စာပေများ၊ ကိုယ်ကျင့်တရားကောင်းမွန်အောင် နေထိုင်နည်းများ၊ မိတ်ဆွေသူငယ်ချင်း ကောင်းများပေါင်းဖော်နည်းများနှင့် ဘဝအောင်မြင်ကြီးပွားရေးဆိုင်ရာများကို ဟောပြော ခဲ့ပါသည်။ ထို့နောက်လူငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်များက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ချစ်စုဝေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment