နောင်ချိုမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီမှ အသိပညာပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နောင်ချိုမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီမှ အသိပညာပေးခြင်းများ ဆောင်ရွက်

 


45


MNP ၊    ဇွန်   ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီမှ မန္တလေး-လားရှိုးလမ်းတစ်လျှောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာစေရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီ အချိန်ထိ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကင်းရှင်းရေး ကြီးကြပ်မှုကော်မတီဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဥပဒေအရာရှိ၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ယာဉ်ကြီးကြပ်မှုကော်မတီ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စည်းကမ်းမဲ့မော်တော်ယာဉ်များ ရပ်တန့်မှုမရှိစေရေး၊ တန်ပိုတင်ဆောင်မှုများ မပြုစေရေး၊ မြို့တွင်း အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရေးတို့ကို ယာဉ်မောင်းများ၊ ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှစ၍ ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်ကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီထံမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages