Pages

Pages

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်



MNP ၊    ဇွန်   ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့်အခွန်ဦးစီးဌာန များရှိ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို ထပ်မံပြန်လည်ငှားရမ်း ပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုး တတ်စေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်း ဖြစ်ကြောင်း သိရသည်။


စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် ငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များသို့ အလှည့်ကျ သွားရောက် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment