Pages

Pages

မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်



MNP ၊    ဇွန်   ၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ၊ ပြည်သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ စာသင်ကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ကြရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး အ.ထ.က(၁)၊ အ.ထ.က(၂)၊အ.လ.က(ခွဲ)သင်္ဘောဦးစာသင်ကျောင်းများနှင့် DTM ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ရေသိုလှောင်ကန်များ၊ ရေစည်များကို ခြင်မှတစ်ဆင့်ပေါက်ဖွားလာသည့် ပိုးလောက်လန်းများမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်‌ဆေးခပ်ခြင်း လုပ်ငန်များ လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါလုပ်ငန်းများ‌ဆောင်ရွက်ခြင်းကြောင့် မိုးဦးရာသီတွင် ခြင်‌ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး ပြည်သူများသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိ‌စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကာ ယင်းလုပ်ငန်းများ ဆောင်ရွက်ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


သားငယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment