Pages

Pages

ကွတ်ခိုင်မြို့၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ


MNP ၊    ဇွန်   ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာခရမ်း‌ရောင်မြက် သရုပ်ပြ စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ခိုတင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးလီစူးရန်၏ ယာမြေဧက(၁)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန‌မှ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။


ထို့သို့ တိရစ္ဆာန်အစားအစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့်မွေးမြူရေး  လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးရန်၊ ပြည်တွင်းကျွဲ၊ နွား၊ မွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများဖူလုံစွာ သုံးစွဲနိုင်ရေးနှင့် နေဗီယာမြက်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သော အဟာရဓာတ်ပမာဏများ ပြည့်ဝစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွား၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများသို့လည်း နေဗီယာ​မြက် စိုက်ပျိုးနိုင်​​ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment