Pages

Pages

တောင်တွင်းကြီးမြို့နယ်တွင် တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နေဗီယာမြက် စိုက်ပျိုးပွဲကျင်းပ


MNP ၊    ဇွန်   ၂၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နေဗီယာမြက် စိုက်ပျိုးပွဲကို ဟဂ္ဂရော်ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာတွင် ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။


တိရစ္ဆာန်အစာရှားပါးမှုကို သက်သာစေရန်နှင့် အာဟာရမြင့်မားသည့် တိရိစ္ဆာန်အစာများ ရရှိနိုင်ရန်ရည်ရွယ်၍ တောင်တွင်းကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာဖြစ်သည့် ဟဂ္ဂရော်ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာရှိ တောင်သူ ဦးစံလင်း၏ ယာမြေ(၁)ဧကတွင် တိရစ္ဆာန်အစာပင်စိုက်ပျိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နေဗီယာမြက် စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment