Pages

Pages

အေဒီ (၁၁၈၃) ခုနှစ်က နရပတိစည်သူမင်းကြီး တည်ထားခဲ့သည့် စူဠာမဏိဘုရားရှိ လှပတင့်တယ်သော စဉ့်ဝါ၊ စဉ့်စိမ်းရောင်၊ စဉ့်ကွက်စဉ့်ပန်းများနှင့် နံရံပန်းချီများကို လေ့လာနိုင်






MNP ၊    ဇွန်   ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ  အေဒီ (၁၁၈၃)ခုနှစ်က နရပတိစည်သူမင်းကြီးတည် ထားခဲ့သည့် စူဠာမဏိဘုရားရှိ လှပတင့်တယ်သော စဉ့်ဝါ၊စဉ့်စိမ်းရောင်၊စဉ့်ကွက်စဉ့်ပန်း များနှင့် နံရံပန်းချီများနှင့် လိုဏ်အဆောက်အအုံအတွင်း ပိုင်းတစ်ခုလုံး အလင်းရောင်ပေါက်များမှ အလင်းပေးစနစ်များ ဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စူဠာမဏိဘုရားသည် ညောင်ဦးမြို့၏ အနောက် တောင်ဘက် (၃)မိုင်ခန့်အကွာတွင် တည်ရှိသည်။ စူဠာမဏိဘုရားကို နရပတိစည် သူမင်းကြီးက အေဒီ(၁၁၈၃)ခုနှစ်တွင် တည်ထားခဲ့ပြီး အခြေခံပန္နက်ပုံစံအရ သဗ္ဗညုဘု ရားနှင့်ဆင်တူပြီး လေးမျက်နှာအာရုံခံမုခ်များဖြင့် တည်ဆောက်ကာ အရှေ့ဘက်အာရုံခံမှာ ပိုမိုကျယ်ပြန့်သည့် လိုဏ်နှစ်ဆင့်ဂူဘုရားတစ်ဆူဖြစ်ကြောင်း၊ စေတီတော်၏ ပစ္စယာအဆင့်ဆင့်ရှိ စိန်တန်းများတွင် လှပတင့်တယ်သော စဉ့်ဝါနှင့် စဉ့်စိမ်းရောင် စဉ့်ကွက်စဉ့် ပန်းများဖြင့် မွမ်းမံခြယ်လှယ်ထားသည်။ ဗဟိုမဏ္ဍိုင်ပတ်လည် စင်္ကြန်ပေါင်းကူးများတွင် တည် ဆောက်စဉ် ကာလက ခေတ်ပြိုင်နံရံပန်းချီ လက်ရာများကို မြင်တွေ့လေ့လာနိုင်မည် ဖြစ်ကာ ယင်းနံရံ ပန်းချီတို့မှာ အဝါရင့်နှင့် အနက်ရောင်တို့ဖြင့် ရေးခြယ်ထားသည်။ ပုဂံခေတ်လက်ရာ နံရံပန်းချီများပေါ်တွင် ကုန်းဘောင်ခေတ်နှင့် နှောင်းပိုင်းလက်ရာ နံရံပန်းချီများ ထပ်မံရေးဆွဲထားသည်ကို တွေ့ရှိနိုင်သည်။ အဆောက်အဦတစ်ခုလုံး၏ အတွင်းပိုင်းအား အလင်းရောင်ပေါက်များမှ အလင်းပေးမှုစနစ် ထပ်မံလေ့လာနိုင်မည်ဖြစ်ကာ ကျောက်စာနှင့် မင်စာအချို့ကိုလည်း တွေ့ရှိလေ့လာနိုင်ကာ ဘုရားကြီးတည်ဆောက်ပုံ ဗိသုကာလက်ရာများကို လေ့လာနိုင်သည်။


စူဠာမဏိဘုရား၏ အရှေ့ဘက်ကပ်လျှက်တွင် ပံ့သကူမဟာထေရ်ဘုရား၊ တောင်ဘက်တွင် နေဝင်ဆည်းဆာကြည့် ညောင်လက်ဖက်ကန်တောင်ကုန်း၊ အနောက်ဘက်တွင် ဓမ္မရံကြီးဘုရား၊ ရွှေနန်းရင်တောကျောင်းတိုက်အစုအဝေးနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲတွင်ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှု ပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment