ရွှေတောင်မြို့၌ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၌ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး





MNP ၊    ဇွန်   ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ အ-ထ-ကရွှေတောင် ကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်းရှိ  ကျောင်းသား / သူများအား ယနေ့ နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့်အဖွဲ့က စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်း ကျောင်းသား / သူများကိုပညာသင်ကြားနေမှုအားကြည့်ရှုအားပေးခဲ့သည်။


          ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းခွဲပညာရေးမှူး၊ တိုင်းခွဲ စိုက်ပျိုးရေးဦးစီးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်း ကျောင်းသား / သူများ၏ ပညာသင်ကြားနေမှု အခြေအနေများ ကြည့်ရှုအားပေးပြီး ကြက်ဥနှင့် လက်ဖက်ရည်ထုပ်များထောက်ပံ့ပေးအပ်ခဲ့သည်။


        အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ကျောင်းသား/သူများ၏ ကျောင်းတက်ရောက်သင်ကြားနေမှုအခြေအနေ၊ ဆရာ/မများ၏ သင်ကြားမှုဆိုင်ရာအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးမှလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)