မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တား ဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တား ဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်


MNP ၊    ဇွန်   ၁၀

မွန်ပြည်နယ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တားဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇွန် ၉ နေ့လည် ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆောင်ဆန်းခန်းမ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ် ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်ဝန်ကြီးချုပ်ကသွေးလွန်တုပ်ကွေးရောဂါဟာ ကမ္ဘာပေါ်မှာ (၁)နှစ်လျှင် လူဦးရေ သန်း(၄၀၀)ခန့် ကူးစက်ဖြစ်ပွားလျက် ရှိကြောင်း၊ ရာသီဥတု ပြောင်းလဲ လာခြင်း၊ ကျေးလက်/ မြို့ပြ ပြောင်းရွှေ့နေထိုင်မှုများပြားလာခြင်း၊ လူဦးရေသိပ်သည်းမှု များပြားလာခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု ပိုများလာတာ တွေ့ရပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သောအိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အများဆုံး ဖြစ်ပွားကြောင်း တွေ့ရှိရ၍သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နိုင်တာဖြစ်လို့ ရောဂါမဖြစ်ခင် ကာကွယ်ခြင်း၊ ရောဂါစောစီးစွာ ကုသခြင်းများဟာ အရေးကြီးဆုံး ဖြစ်ပါကြောင်း သွေးလွန် တုပ်ကွေး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၏ ကူညီပံ့ပိုးမှုဟာ အရေးကြီးပြီး ကျန်းမာရေးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းထက် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များ၏လမ်းညွှန် မှုကိုခံယူပြီး ကျန်းမာရေး ဌာနနှင့် နှီးနွယ်ဆက်စပ်နေသောဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ပြည်သူလူထုကိုယ်တိုင် ခြင်လောက်လန်း ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၏ အရေးပါပုံကို သိမြင်၊ လိုက်နာကျင့်သုံးလာဖို့ ကျန်းမာရေးအသိပညာ မြှင့်တင်ပေးဖို့ လိုပါကြောင်း၊ ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်းများမှာ ရောဂါကူးစက်မှု ပိုမိုမြင့်မားသည့်အတွက်သွေးလွန် တုပ်ကွေးကာကွယ်နှိမ်နင်းရေး “ခြင်ကျား လောက်လန်း ကင်းစင် ကျောင်းများ” ဆောင်ရွက်ခြင်းကို ပညာရေးဌာနနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်၊ ရပ်ကွက်၊ ကျေးရွာများ၊ စာသင်ကျောင်းများ၊ မူလတန်းကြိုကျောင်းများပါ ရေစီးရေ လာကောင်းမွန် စေရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ် ခြင်းများဆောင်ရွက်ရန်၊  ပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းများ ကျယ်ကျယ်ပြန်ပြန့်ဆောင် ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး များမှခရိုင်/မြိုနယ် အလိုက် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စည်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)