ကျိုင်းတုံမြို့၌ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် သွေးလှူရှင်ဂုဏ်ပြုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် သွေးလှူရှင်ဂုဏ်ပြုပွဲ ကျင်းပ




MNP ၊    ဇွန်   ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် တိုင်းရင်းသားပေါင်းစုံ လူမှုကူညီရေးအသင်း(ကျိုင်းတုံ)တို့ပူးပေါင်း၍ ကျင်းပသည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် သွေးလှူရှင်ဂုဏ်ပြုပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  ကျိုင်းတုံမြို့နယ် စည်ပင်သာယာခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်  ကျိုင်းတုံမြို့စေတနာသွေးလှူရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းထိုက်တို့က အဖွင့်ဂုဏ်ပြု အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နှစ်ပေါင်းများစွာ သွေးရရှိရေးရှာဖွေပေးပြီး ကိုယ်တိုင်(၅၆)ကြိမ် အလှူရှင် ဒေါ်ခင်စန်းအား အထူးဂုဏ်ပြုဆုနှင့် (၁၀၀)ကြိမ်နှင့်အထက် သွေးလှူရှင်များ၊ (၅၀)ကြိမ်နှင့်အထက် သွေးလှူရှင်များ၊ သွေးလှူရှင်များကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)