မော်လမြိင်ကျွန်းမြို့တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနက အသက်(၅) နှစ်မှ (၁၂)နှစ်အတွင်းရှိကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိင်ကျွန်းမြို့တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနက အသက်(၅) နှစ်မှ (၁၂)နှစ်အတွင်းရှိကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဆောင်ရွက်




MNP ၊    ဇွန်   ၂၇

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနက အခြေခံပညာစာသင်ကျောင်းများရှိ အသက်၅နှစ် မှ ၁၂နှစ်အတွင်းရှိ ကလေးများအား ကိုဗစ်-

၁၉ ကာကွယ်ဆေးထိုးခြင်းဆောင်ရွက်မှုကို ဇွန်လ၂၇ရက်နေ့က ၁၄လမ်း(အ.မ.က) အခြေခံပညာမူလတန်းကျောင်းမှစ၍ပြု လုပ်ဆောင်ရွက်လျက်ရှိကြောင်းသိသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၏တာဝန်ရှိသူများက ကာကွယ်မထိုးနံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် လာရောက်သူ ကလေးမိဘအုပ်ထိန်းသူများအား ကာကွယ်ဆေးထိုးခံရမည့် ကလေး

နှင့်ပတ်သတ်၍ သင်၏ကလေးသည်ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာဖြစ်ဖူးပါသလား၊ ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ်ရရှိဖူးပါသလား၊ အကယ်၍ရဖူးလျှင် မည်သည့်ကာကွယ်ဆေးအမျိုးအစားကိုရရှိခဲ့ပါသနည်း။ ကိုဗစ်- ၁၉ကာကွယ် ဆေးထိုးပြီး သင်၏ကလေးမှာ ကိုဗစ်-၁၉ ဓာတ်မတည့်သည့် တုံ့ပြန်မှုများရှိခဲ့ဖူးပါသလား၊ အကယ်၍ ရဖူးလျှင် မည်သည့်ဓာတ်မတည့်သည့် တုံ့ပြန်မှုကို ရရှိခဲ့ပါသလဲ၊သင်၏ကလေးသည် အခြားကာကွယ်ဆေးများနှင့် ဆေးထိုးဆေးသောက်ရာတွင် ဓာတ်မတည့်သည့်တုံ့ပြန် မှုများရှိခဲ့ဖူး ပါသလား၊ သင်၏ ကလေးသည် ဆေးဝါးအစားအစာ၊ အိမ်မွေးတိရိစ္ဆာန်များ၊ပန်းဝတ်မှုံ စသည့် အရာဝတ္ထုတစ်ခုခုကို ဓာတ်မတည့်သည့် တုံ့ပြန်မှုများ ရှိခဲ့ဖူးပါသလား၊ သင်၏ ကလေးသည် လွန်ခဲ့သော (၂၈)ရက်အတွင်း ၊ကာကွယ်ဆေး တစ်ခုခုရရှိခဲ့ပါသလား ၊သင်၏ကလေးမှာ အိပ်ချ်အိုင်ဗွီရောဂါပိုးကူးဆက်ခံရခြင်း(သို့မ ဟုတ်) ကင်ဆာရောဂါ(သို့မဟုတ်) ကိုယ်ခံအားကျဆင်းစေသည့်ဆေးဝါး(သို့မဟုတ်) ကုထုံးတစ်ခုခုကိုခံယူနေရခြင်းရှိပါသလား၊သင်၏ကလေးမှာ သွေးမတိတ်သောရောဂါ ရှိပါသလား(သို့မဟုတ်)သွေးကျဲဆေးများသောက်သုံးနေရပါသလား စသည့်အချက်များအား မေးမြန်းစီစစ်ပြီး ၊ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်ကြသည်။


 မော်လမြိုင်ကျွန်းမြို့ပေါ်တွင် ပညာရေးဌာန၏အခြေခံပညာစာသင်ကျောင်း(၁၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (ဘ/က)ကျောင်းတစ်ကျောင်း၊ ကိုယ်ပိုင်ပညာရေးကျောင်းတစ်ကျောင်း စုစုပေါင်း (၁၆)ကျောင်းရှိ ကျောင်းသားဦးရေ(၆၀၀) ကျော်အား ကျောင်းရှိပညာရေးဝန်ထမ်းများနှင်အတူစီစစ်ပြီ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၏တာဝန်ရှိသူက ပြောသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)