ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ



MNP ၊ ဇွန် ၅

ဥပဒေဘာသာပြန်ကော်မရှင် လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခုအစည်းအဝေး သည် မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်စဉ်ကာလ၌ ခြောက်ကြိမ်မြောက် ကျင်းပ သည့် အစည်းအဝေးဖြစ်ကြောင်း၊ ယင်းကာလတွင် ဥပဒေဘာသာပြန် စာအုပ်အမှတ် (၉)၊ (၁၀)၊ (၁၁) အဖြစ် စာအုပ်သုံးအုပ်နှင့် ရာဇသတ်ကြီး (The Penal Code )ကို မြန်မာဘာသာသီးသန့်ဖြင့် လည်းကောင်း၊ (မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ) ဖြင့်လည်းကောင်း ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယုံမှတ်အပ်နှံမှု အက်ဥပဒေ (The Trusts Act) ကိုလည်း စာအုပ်အမှတ် (၁၂) အဖြစ် မကြာမီပုံနှိပ်ထုတ်ဝေတော့မည်ဖြစ်ကြောင်း။


ကော်မရှင်အနေဖြင့် ဘာသာပြန်ဆိုရန် တာဝန်ရှိသည့် ဥပဒေပေါင်း ၈၁ ခုရှိသည့်အနက် ဥပဒေ ၃၂ ခုကို ဘာသာပြန်ဆိုအတည်ပြုနိုင်ခဲ့ပြီးဖြစ်သည့်အားလျော်စွာ ရာဇသတ်ကြီးကဲ့သို့ အလွန်အရေးပါပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် လုပ်ထုံးလုပ်နည်း ဥပဒေများအဖြစ် ကျင့်သုံးလျက်ရှိသည့် The Code of Criminal Procedure ၊ The Code of Civil Procedure နှင့် The Evidence Act တို့၏ မြန်မာဘာသာပြန်ဆိုချက်များကိုလည်း ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း။


ယခုအစည်းအဝေးတွင် ဥပဒေရှစ်ခုဖြစ်သည့် The Destruction of Records Act (မှတ်တမ်းများ ဖျက်ဆီးခြင်းအက်ဥပဒေ)၊ The State Grants Act (နိုင်ငံတော်ဂရန်မြေများအက်ဥပဒေ)၊ The Explosive Substances Act (ပေါက်ကွဲစေတတ်သော ပစ္စည်း များ အက်ဥပဒေ)၊ The Bankers’ Books Evidence Act (ဘဏ်လုပ်ငန်းရှင်များ၏ စာရင်းစာအုပ်များ သက်သေခံ အက်ဥပဒေ)၊ The Mussalman Wakf Validating Act (မွတ်စလင်ဝါကပ်ဖ်ကို တရားဝင်အောင်ပြုမှုအက်ဥပဒေ)၊ The Hindu Law of In-heritance Amendment Act (ဟိန္ဒူဘာသာဝင်များ၏ အမွေဆက်ခံခြင်း ပြင်ဆင်ချက်အက်ဥပဒေ)၊ The Hindu Gains of Learning Act (ဟိန္ဒူများ လေ့လာသင်ယူခြင်းမှရရှိသည့် အကျိုးအမြတ်ဆိုင်ရာ အက်ဥပဒေ) နှင့် The Unlawful Associations Act (မတရားအသင်းအက်ဥပဒေ) တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆိုချက်များ တည့်မတ်မှန်ကန်စေရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားသည်။


အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)