တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၌ကျင်းပ


MNP ၊    ဇွန်   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်း ကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းတွင် အနာဂတ်လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့်ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်များရင့်သန်လာစေရန်၊ အကောင်းအဆိုး/အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များတိုးတက်စေရန်အနာဂတ် လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်တိုင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက မိုးရာသီတွင် ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးအကြောင်းအရာများ၊ အစားလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း ရာသီဓာတ်စာစားသုံးခြင်းအကြောင်း ဟောပြောခဲ့သည်။ ယင်းနောက် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်အန္တရာယ် ဗီနိုင်းပိုစတာများ၊ လူကုန်ကူးမှုဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ ဝေဝေဆာဆာ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)