Pages

Pages

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ အာယုဒါန ဆေးရုံတော်၌ မျက်စိစမ်းသပ် ကုသနေမှုများအား ကြည့်ရှုအားပေး



MNP ၊ ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊ အာယုဒါန ဆေးရုံတော်၌ ကုသမှုခံယူလျက်ရှိသည့် သံဃာတော်များနှင့် မျက်စိဝေဒနာရှင် ဒေသခံပြည်သူ များအား မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူ များ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း များက  လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ သီတဂူကေတုမတီ တက္ကသိုလ်ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တ တိက္ခသာရ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ အလှူငွေများအား လှူဒါန်းခဲ့သည်။


အဆိုပါ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံတော်သည် သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံတော်များ၏ အဓိပတိ  အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင် နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တည်ထောင်တော်မူသည့် ဆေးရုံတော်(၄၇)ခုအနက် (၄၀)ခုမြောက် အာယုဒါန ဆေးရုံတော်ဖြစ်ပြီး ၎င်းဆေးရုံ၌ တစ်နေ့လျှင် မျက်စိဝေဒနာရှင် ၁၀၀ ဦး ခန့်အား မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များ ခြစ်ထုတ်ခြင်း၊ မျက်လုံးအစားထိုး ကုသခြင်းများကို ဇွန် ၂၆ ရက်မှ ဇူလိုင် ၁ ရက်အထိ ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment