Pages

Pages

လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တီဘီရောဂါရှာဖွေကုသခြင်း ကွင်းဆင်းဆောင်ရွက်



MNP ၊    ဇွန်   ၂၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နေပြည်တော်တိုင်း တီဘီရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းတီဘီရောဂါရှာဖွေကုသခြင်း (Mobile TB Clinic) လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါMobile TB Clinic အား မြို့နယ်အတွင်းရှိ ရုံးပင်ရွာ၊ တံတားဦးရွာနှင့် သဲကောကြီး ကျေးရွာများတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာအေးအေးမာ၊  ကူးစက်ရောဂါနှိမ်နှင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ စည်သူ၊ လယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်တို့ ဦးဆောင်၍ တိုင်းတီဘီ ရောဂါတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများ၊ လယ်ဝေးဆေးရုံမှ ဓာတ်မှန်အထူးကု ဆရာဝန်တစ်ဦး၊ လယ်‌ဝေးမြို့နယ် ကျန်းမာရေးမှူး အဆင့်(၁)နှင့် နယ်မြေခံဝန်ထမ်းများက ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။


လယ်ဝေးမြို့နယ်အတွင်း တီဘီရောဂါရှာဖွေကုသခြင်းအားဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ လာရောက်ပြသသူ ၄၃၅ ဦး၊ ဓာတ်မှန်ရိုက်သူ.၄၂၁ ဦး သလိပ်စစ်ရန်လိုအပ်သူ ၁၂၀ ဦး၊ တီဘီရောဂါတွေ့ရှိသူ(ဓာတ်မှန်) ၉ ဦး၊ တီဘီဆေးကုသမှုခံယူသူ ၉ ဦး တို့ကို ကွင်းဆင်းရှာဖွေ ကုသပေးခဲ့ကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment