Pages

Pages

နောင်ချိုမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက် ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းနှင့် တောင်သူအသိပညာပေးဆောင်ရွက်



MNP ၊    ဇွန်   ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မွေးမြူရေး ကျွဲ၊ နွား တိရိစ္ဆာန်များအတွက် အစာအာဟာရ ပြည့်ဝသော တိရိစ္ဆာန်အစာပင် နေဗီယာမြက်ကို စနစ်တကျတွင်ကျယ်စွာ စိုက်ပျိုးကျွေးမွေးနိုင်စေရန်နှင့် ဒေသတွင်းနွားမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးစေရေးအတွက် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကိုယမန်နေ့ နံနက်ပိုင်းက ရှောက်ခြုံကျေးရွာရှိ စိုက်ပျိုးရေးနှင့်နွားမွေးမြူရေး တွဲဖက်လုပ်ကိုင်သူ တောင်သူဦးမောင်မောင်ကြီး၏ ယာမြေအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က မြို့နယ်အတွင်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိမိတို့မွေးမြူထားသော ကျွဲ၊ နွား တိရိစ္ဆာန်များအတွက် နေဗီယာမြက်ကို စိုက်ပျိုးကျွေးမွေးခြင်းဖြင့် တိရိစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ပြောင်းလဲပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လုပ်ကိုင်လာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသော အစားအစာအဖြစ် ကျွေးမွေးနိုင်ရန်နှင့် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများတွင် အာဟာရဓာတ် မြင့်မားပြီး အထွက်နှုန်းကောင်းမွန်စေသော တိရိစ္ဆာန်အစာပင်များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နေဗီယာမြက်မျိုးများကို စနစ်တကျ ရွေးချယ်စိုက်ပျိုး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများက  တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ခင်း(၂)ဧကကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


အဆိုပါ တိရိစ္ဆာန်အစာပင် နေဗီယာမြက်ကို ၁ ဧက စိုက်ပျိုးခြင်းဖြင့် မွေးမြူရေး ကျွဲ၊ နွား တိရိစ္ဆာန်(၁၀)ကောင်ကို တစ်နှစ်စာ ဖူလုံစွာကျွေးမွေးနိုင်မှာဖြစ်ကာ သာမာန်အစာဖြစ်သည့် ကောက်ရိုး၊ ပြောင်းများထက် အထွက်နှုန်းကောင်းမွန်ပြီး လိုအပ်သော အာဟာရဓာတ် ပမာဏများစွာ အပြည့်အဝရရှိစေမှာဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost



No comments:

Post a Comment