ပေါင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးအပ်





MNP ၊ မေ  ၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ(၁)ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး မိသားစုစည်းရုံးရေးကော်မတီ ဥက္ကဌ ဦးထင်လင်း‌အောင် က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်တင်နှင့် မိသားစုစည်းရုံးရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ အထက်တန်းဆင့်  ( ၂ ) ဦး၊ အလယ်တန်းဆင့် ( ၇ ) ဦး၊ မူလတန်းဆင့် (၂၈) ဦး စုစုပေါင်း ( ၃၇ ) ဦးတို့အား ပညာသင်ထောက်ပံ့ကြေး  (၆၁၀၀၀ဝိ/-)ကျပ်နှင့် ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)