Pages

Pages

ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP ၊    ဇွန်   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင်  မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးသန့်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဇော်က မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူး ဆန်းဝင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးကိုလည်းကောင်း၊ ရဲတပ်ကြပ်ကြီး ပြည့်ဖြိုးသူက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက သတင်းအမှား၊ အမှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် ဆိုရှယ်မီဒီယာအကြောင်း၊  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ခင်မာအေးက ကျန်းမာရေး ကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြပါသည်။


ထို့နောက် မူးယစ်အန္တရာယ်၊ ယာဥ်စည်းကမ်းလမ်းစည်း၊ ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များ  လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment