ကချင်ပြည်နယ်ဝန်ကြီးချုပ် သွေးလွန်တုပ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ‌‌ရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် သွေးလွန်တုပ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ‌‌ရေး စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်


MNP ၊    ဇွန်   ၂၄

ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ‌‌ပြောကြားသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၂၅ ဦး နှင့် သေဆုံးသူ ၃၂ ဦးရှိခဲ့ပြီး ၂၀၀၀ ခုနှစ်နောက် ပိုင်း ဖြစ်ပွားမှုအများဆုံးနှင့် သေဆုံးမှု ဒုတိယအများဆုံးနှစ်ဖြစ်ခဲ့ပါကြောင်း၊ ရောဂါဖြစ်ပွားလျှင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်တာ‌‌‌ကြောင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ တစ်ဦးတစ်ယောက်အတွက်သာမက ကပ်ရောဂါအသွင်များစွာ မဖြစ်ပွားရေးအတွက် အသင့်လျော် ဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ သွေးလွန်တုပ်‌ကွေးရောဂါသည် ခြင်မှတဆင့်ကူးစက်သောရောဂါ ဖြစ်သဖြင့် ခြင်မပေါက်ပွားစေရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ အလိုက်  ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုးလောက်လမ်းများကိုနှိမ်နင်းခြင်း၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာပေးအချက်အလက်များအား ပြည်သူလူထုထံသို့ဖြန့်ဝေခြင်းနှင့် သွေးလွန် တုပ်ကွေးရောဂါ နှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်‌ ဆောင်ရွက်ရန်လိုကြောင်း အမှာစကားပြောကြားသည်။


ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး‌ဒေါက်တာ တင့်နိုင်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသည့် အေဒီးစ်(Aedes) ခြင်အုပ်စုအ‌‌ကြောင်းနှင့် ရောဂါကူးစက်ပြန့်ပွားပုံများအား ပါဝါပွိုင့်ဖြင့် အသိပညာပေးဆွေးနွေးပြီး ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဇော်ရိန်က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊‌ ဆက်လက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များနှင့် ပြည်နယ်အဆင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကြီးကြပ် မှုကော်မတီဖွဲ့စည်းနိုင်ရေးတင်ပြကာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးခင်မောင်‌လေးတို့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်‌ရေးအတွက် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးသည်။


ထို့နောက်အစည်းအ‌ဝေးသို့ ဗီဒီယိုကွန်ဖရင့်စင်းစနစ်ဖြင့် တက်ရောက်လာသော ခရိုင်အုပ်ချုပ် ရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတို့က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ရုံးဌာနများ၊ ဆောက် လုပ်ရေးလုပ်ငန်းခွင်များ၊ စျေးများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၌ ခြင်အန္တရာယ်ကင်းရှင်း‌ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု အနည်းဆုံးနှင့် အသက်ဆုံးရှုူံးမှု မဖြစ်စေရန် အတွက် ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများအားလုံး ဝိုင်းဝန်းကြိုးပမ်း ‌ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းတွင် ပြည်နယ်၏မြို့တော် သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး စနစ်ကျသည့် မြို့ပြစနစ်တစ်ခုဖြစ်လာစေရေး ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်နှင့်  စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့လုပ်အားရှင်များနှင့်အတူ စက်မှုူရပ်ကွက် ဗလမင်းထင်တံတားသို့ သွားရာလမ်းတစ်လျှောက် လမ်းဘေး ဝဲ/ယာ များ၌ အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းနှင့်မလွတ်ကင်းသော သစ်ပင်အကိုင်းအခက်များအားခုတ်ခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အဆိုပါလမ်းမကြီးတစ်လျှောက် စိုက်ပျိုးထားသည့် အလှပန်းပင်များအား ကောင်းမွန် စွာ ရှင်သန်ကြီးထွားနိုင်ရေး ထိန်းသိမ်းပြုစုဆောင်ရွက်ကြရန်နှင့် လမ်းမကြီးတစ်လျှောက်ပန်းများနှင့် လှပဝေဆာနေစေရန် ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံများအား တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့‌‌‌‌‌ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)