အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော် ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသိနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော် ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို





MNP ၊    ဇွန်   ၁၄

စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးသို့ အိန္တိယနိုင်ငံ၊ ယူပီပြည်နယ်၊ ကုသနာရုံကျောင်းတိုက်မှ ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်တပည်တကာ တကာမများသည် ယနေ့၊ နေ့လည် (၁)နာရီက ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုခဲ့သည်။


ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးအား ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ

ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုခဲ့ကြပြီး၊ ဆရာတော်ကြီး၏ မေတ္တာဓာတ်ကို ခံယူခဲ့ကြသည်။


ထိုနောက် ကျေးဇူးတော်ရှင်ဆရာတော်ကြီးနှင့်တပည့်၊ တကာမများသည် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ဦးရာဇ်တော်ဘုရားနှင့်ဆက်သွယ်ထားသည့် ကြိုးတံတားပျက်စီးနေ၍ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ပုဏ္ဏားကျွန်းမြို့ဖက်ကမ်းမှ ဖူးမြော်ကြည်ညိုကာ ဦးရာဇ်ဘုရားကြီးဘက်စုံမွမ်းမံပြုပြင်ရန်အတွက် အလှူငွေများထည့်ဝင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


 နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)