အမေရိကန်ရဲ့ အောက်တန်းကျ ရက်စက်ယုတ်မာမှုတွေ ကမ္ဘာအရပ်ရပ်မှာ လျော့ပါးစေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့သူ (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ရဲ့ အောက်တန်းကျ ရက်စက်ယုတ်မာမှုတွေ ကမ္ဘာအရပ်ရပ်မှာ လျော့ပါးစေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့သူ (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်




ပညာရှင်တွေအနေနဲ့တော့ သတိပြုမိကြပါလိမ့်မယ်။ တစ်ဖက်ပိတ်တွေအနေနဲ့တော့ သတိပြုမိကြလိမ့်မယ်မထင်ပါဘူး။ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူပြီးနောက်ပိုင်းမှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီက ပုဂ္ဂိုလ်တွေကို စင်ပြိုင်အစိုးရတစ်ရပ်ဖွဲ့ဖို့ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေကို သိမြင်လာတယ်။ NLD ပါတီက ဖွဲ့စည်းလိုက်တဲ့ စင်ပြိုင်အစိုးရတဖြစ်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ရတဲ့ NUG ကို အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ အဓိကကျောထောက်နောက်ခံ ပြုထားတာဟာလည်း အမေရိကန်နဲ့ အပေါင်းအပါတွေပါပဲ။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ သံတမန်ဆက်ဆံရေးအရ အမေရိကန်သံရုံးကို မြန်မာပြည်ထဲမှာ လက်ခံထားသည့်ထားတိုင်အောင် အမေရိကန်နဲ့ ဆက်ဆံရေးဘာတစ်ခုမှ လုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ပညာသားပါပါနဲ့ နှုတ်ဆိတ်နေချိန်မှာ အမေရိကန် သံရုံးက NUG(NLD) အကြမ်းဖက်အုပ်စုဘက်က ရပ်တည်ပြီး ထုတ်ပြန်ပြောဆိုမှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။ NUG(NLD) ဦးဆောင်သူတွေကို ထွက်ပြေးနိုင်အောင် စီစဉ်ပေးခဲ့တာလည်း အမေရိကန်ပါပဲ။ ဒါတွေကိုလည်း နစကအနေနဲ့ ထောက်ပြပြောဆိုခဲ့ခြင်း မရှိပါဘူး။ နောက်ဆုံး အမေရိကန် က အဓိက အကြမ်းဖက်လှုံ့ဆော်သူတွေဖြစ်တဲ့ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးထားခြင်းက အကြမ်းဖက်အားပေးနိုင်ငံအဖြစ် ပြည်သူများက ရှင်းရှင်းလင်းလင်း သိမြင်သွားခဲ့ပါတယ်။


အမေရိကန်မှာ နေထိုင်ကြတဲ့ မြန်မာတချို့က အမေရိကန် နိုင်ငံမှာ အကြမ်းဖက်သမားတွေကို လက်မခံဘူး။ အကြမ်းဖက်သမားတွေကို သိရှိရင် ပြည်သူများအနေနဲ့ သတင်းပေးတိုင်ကြားလို့ ရတယ်။ ဖမ်းဆီးအရေးယူတယ်။

မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို အစရှိသော အကြမ်းဖက်လှုံ့ဆော်သူတွေ အမေရိကန်ထဲ ရောက်ရှိသွားချိန်မှာ အကြမ်းဖက်သမားတွေဖြစ်ကြောင်း သွားရောက်တိုင်ကြားမှု ပြုလုပ်ခဲ့ကြပေမယ့် အမေရိကန် ရန်တပ်ဖွဲ့ဝင်တွေ က ဖမ်းဆီးအရေးယူခဲ့ခြင်းမျိုး မရှိတာဟာ မြန်မာနိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းကို ပြသလိုက်တာပါပဲ။


အမေရိကန်ဟာ မြန်မာနိုင်ငံတစ်နိုင်တည်းအပေါ်မှာ ရက်စက်ယုတ်မာနေတာ မဟုတ်ပါဘူး။ သူ့သြဇာခံ အစိုးရ မရှိတဲ့ နိုင်ငံတိုင်းကို အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးခဲ့တာပါ။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုလည်း အမေရိကန်က ဒုက္ခပေးခဲ့ဖူးတာပါပဲ။ လက်ရှိ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်ဆိုတဲ့ Move Forward Party ဦးဆောင်သူဟာလည်း အမေရိကန် သြဇာခံလားဆိုတာ သံသယရှိနေကြပါတယ်။ အာရပ်နိုင်ငံအများစုဟာ အမေရိကန်ရဲ့ ရက်စက်ယုတ်မာမှုဒဏ်ကို ခံခဲ့ရဖူးပါတယ်။ 


အမေရိကန်ဟာ သူတို့နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်မယ့် အကြမ်းဖက်သမားများကိုသာ ဖမ်းဆီးချင်ရင် ဖမ်းဆီးလိမ့်မယ်။ တခြားနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်မယ့်သူတွေကိုတော့ သူ့နိုင်ငံမှာ လက်ခံထားပြီး အမေရိကန် အစိုးရရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ RFA, VOA တို့လို သတင်းဌာနတွေကနေ အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ဆောင်ခွင့်ပေးထားတာပဲ ဖြစ်ပါတယ်။


အမေရိကန်အစိုးရ ကောက်ကျစ်ယုတ်မာမှုတွေ လျော့ကျသွားစေဖို့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သူကတော့ လက်ရှိနိုင်ငံတော်တာဝန်များကို ဦးဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်ပါတယ်။


နိုင်ငံတော်တာဝန်များကို လွှဲပြောင်းရယူပြီးချိန်မှာ အမေရိကန်ရဲ့ လက်ပါးစေ နိုင်ငံရေးလုပ်စားသူတွေ ဘယ်လောက်အထိ သရုပ်ပျက်လာမလဲ စောင့်ကြည့်ခဲ့ပါတယ်။ နောက်တော့ အမေရိကန် က နိုင်ငံရေးလုပ်စားသူများထံ ပေးပို့ထားတဲ့ ငွေကြေးအားလုံးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အများဆုံးကတော့ ၈၈ ကျောင်းသားအိုကြီးများရဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းထံ ပေးပို့ထားတဲ့ ဒေါ်လာ ၅သန်း မှာ ၁သန်း ထုတ်ယူသုံးစွဲခွင့် ပြုခဲ့ပြီး ကျန်ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ၁သန်း ထုတ်ယူခွင့် ပြုခဲ့တာဟာလည်း ဒီငွေတွေနဲ့ သူတို့ ဘာလုပ်မှာလဲ။ အကြမ်းဖက်လှုပ်ရှားမှုအတွက် အသုံးပြုလာတဲ့အချိန်မှာ နိုင်ငံတော်က သိမ်းဆည်းခြင်းဟာ ဥပဒေနဲ့အညီ သိမ်းဆည်းခြင်း ဖြစ်သွားပါတယ်။


NLD၊ ၈၈၊ ကျောင်းသားသမဂ္ဂ၊ အနုပညာရှင်တချို့ဟာ အကြမ်းဖက်လှုပ်ရှားမှုအတွက် ပြည်ပက ရရှိထားတဲ့ ငွေကြေးတွေကို ဖြန့်ဝေပေးထားခဲ့ပါတယ်။ ဒါတွေကိုလည်း လိုက်လံသိမ်းဆည်း ရယူနိုင်ခဲ့ပါတယ်။ ပရဟိတအမည်ခံ ကျော်သူနှင့် ဇီးကွက်မတို့ လင်မယားရဲ့ ဘဏ်အကောင့်တွေထဲမှာ ငွေကျပ်သိန်းပေါင်း ၅သောင်းကျော်၊ နီနီခင်ဇော်ရဲ့ အကောင့်တွေထဲက ငွေကျပ်သိန်းပေါင်း သောင်းကျော်၊ အလားတူ အနုပညာရှင်တွေ ဆယ်လီတွေဆီမှာ ငွေေတွေ ဖြန့်ဝေပေးထားတာကို အတိုင်းအတာတစ်ခုအထိတော့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။


အမေရိကန်ရဲ့ ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းမှုတွေ အထင်အရှားမြင်တွေ့လာရတဲ့အချိန်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရုရှားနဲ့ ဆက်ဆံရေးကို အခိုင်အမာတည်ဆောက်ခဲ့ပါတယ်။ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့ကိုလည်း အလေးထား လုပ်ဆောင်ခဲ့ပါတယ်။


နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ အမေရိကန်ကို ထိထိရောက်ရောက် တုန့်ပြန်နိုင်ဖို့ ဟန်ရေးပြပြီး လေလုံးထွားခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ 

(၇)ကြိမ်မြောက် အရှေးဖျားစီးပွားရေးဖိုရမ် မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီး မြှုပ်နှံမှု အတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် လူသားများ အသက်ရှင်နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy) ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ လုံခြုံမှု ရှိရေး(Food Security)သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိ လူသား များ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါ ကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security)ဆိုသည်မှာ နိုင်ငံတစ်ခု အတွင်း နေထိုင်ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင် ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ် များစွာ တိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့်အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင် သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည်  စားနပ်ရိက္ခာလုံခြုံရေး (Food Security)အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။


စားနပ်ရိက္ခာလုံခြုံရေး (Food Security) တွင် အဓိကကျသော  စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ အပါအဝင် အထောက်အကူ ပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီး ဖြစ်လာသည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှု ခံနေရပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များတွင် နိုင်ငံကြီးများအား လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ပါကြောင်း၊  မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး စသည့် ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်ပါကြောင်း၊ ထို့အပြင် တိုက်ရိုက် ကုန်စည်ဖလှယ်မှုစနစ် (Barter System)ကိုလည်း ဒေါ်လာ အစားထိုး ဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံငယ် များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှုအခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အင်အားကြီး မိတ်ဆွေနိုင်ငံများကလည်း ဝိုင်းဝန်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံလို ပါကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။


နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်ဟာ အတိုင်းထက်အလွန်အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရုရှား- အိန္ဒိယ၊ ရုရှား-တရုတ်၊ ရုရှား-ဘရာဇီး နိုင်ငံများရဲ့ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ကြားခံ အသုံးမပြုကြတော့ဘဲ နှစ်နိုင်ငံငွေကြေးကို တိုက်ရိုက်အသုံးပြုလာကြတော့မှာ ဖြစ်ပါတယ်။ ထို့အတူ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကုန်သွယ်မှုကိုလည်း နှစ်နိုင်ငံငွေကြေးကိုသာ တိုက်ရိုက်ဖလှယ် အသုံးပြုဖို့ ပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘင်းစတက်အစည်းအဝေးမှာဆိုရင် အိန္ဒိယ - မြန်မာ ကုန်သွယ်ရေးမှာ နှစ်နိုင်ငံငွေကြေးနဲ့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။


နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ တိုက်တွန်းပြောဆိုမှုဟာ ကမ္ဘာအရပ်ရပ်ကို ရိုက်ခတ်ခဲ့တယ်လို့ ပြောရင်လည်း မမှားပါဘူး။ တောင်ကိုရီးယား - အင်ဒိုနီးရှား ကုန်သွယ်ရေးမှာ နှစ်နိုင်ငံငွေကြေး တိုက်ရိုက်အသုံးပြုဖို့ အပါအဝင် အာရပ်နိုင်ငံတွေမှာ အမေရိကန်ဒေါ်လာအစားထိုး ဘုံငွေကြေးတစ်ရပ် ထူထောင်ဖို့အထိ ပြင်ဆင်လာတာမျိုးတွေကို တွေ့ရှိလာရပါတယ်။


မြန်မာနိုင်ငံကို အကြမ်းဖက်နည်းလမ်းမျိုးစုံနဲ့ ပြိုကွဲပျက်စီးအောင် လုပ်ခဲ့တဲ့ အမေရိကန်ကို လှလှပပ တုန့်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီအပေါ်မှာ ပိုပြီး ထိချက်နာခဲ့တဲ့အတွက် သူ့ရဲ့ သြဇာခံ NLD ၊ ၈၈ ၊ ကျောင်းသားသမဂ္ဂ ၊ ပြည်ဖျက်မီဒီယာတွေရဲ့ အားကို သုံးပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာအောင် လုပ်ဆောင်လာမှာပဲ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံမှာ ခိုလှုံနေပြီး အမေရိကန်အစိုးရရဲ့ အထောက်အပံ့ကို စားနေတဲ့ ပြည်ဖျက်မိစ္ဆာတွေကလည်း အပင်းစို့ထားပြီ ဖြစ်တဲ့အတွက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လှုံ့ဆော်မှုတွေ လုပ်ဆောင်လာကြမှာပဲ ဖြစ်ပါတယ်။


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကမ္ဘာ့အင်အားကြီး အမေရိကန်ရဲ့ အောက်တန်းကျ ရက်စက် ယုတ်မာမှုတွေ လျှော့ကျသွားစေဖို့ ပညာသားပါပါ အရှိုက်ကို ထိုးခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့် အမေရိကန်အစိုးရရဲ့ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်အန္တရာယ်တွေကို ညီညီညွတ်ညွတ် ခုခံကာကွယ် တားဆီးပြီး နိုင်ငံတော်အစိုးရရဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကျရာအခန်းကဏ္ဍမှ ပါဝင်ကူညီပြီး မိမိတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ကြရမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)