နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်ကုန်တိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်ကုန်တိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်



MNP ၊ ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်ကုန်တိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ  နေပြည်တော်ကောင်စီနယ်မြေအတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်ပြီး လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြည်သူများ လိုအပ်သည့် အခြေခံ စားကုန်များကို လုံလုံလောက်လောက် ထုတ်လုပ်ပြီး ကုန်ဈေးနှုန်းများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စားသုံးသူများ ဝယ်ယူစားသုံးနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးတင်ပြ ဆောင်ရွက်ပေးစေလိုကြောင်း၊ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချမှုနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေဩဇာများ အသုံးပြုရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ တိရစ္ဆာန်များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများ အသုံးပြုနိုင်ရေး  ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်စည်ဒိုင်များကို ကြပ်မတ်ဆောင်ရွက်ရန်နှင့် လိုအပ်သည့် တိရစ္ဆာန် အစာများကို ပြည်တွင်း၌ ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် ထုတ်လုပ်နိုင်ပါက အသား၊ ငါးနှင့်ဥများ ဈေးနှုန်းကြီးမြင့်မှုများကို အထိုက်အလျောက် လျော့ချနိုင်မှာဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်မှုများနှင့်ပတ်သက်၍ မီးရထားနှင့်ရေလမ်းခရီးကို အဓိကထား ဆောင်ရွက်ကြစေလိုကြောင်း၊  ဆန်ဈေးနှုန်းနှင့်ပတ်သက်ပြီး အဓိက မိုးစပါးကို စိုက်ပျိုးကြသည့်အတွက် တစ်ဧက ရည်မှန်းချက်ပန်းတိုင် တင်း(၁၀၀)ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယာစိုက်ပျိုးမှုကိုလည်း ရည်မှန်းချက်ပန်းတိုင် ပြည့်အောင် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ စပါးစိုက်ပျိုးမှုသာမက အခြားသီးနှံစိုက်ပျိုးမှုများကိုလည်း အထွက်နှုန်းတိုးတက်အောင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင်လည်း စိုက်ပျိုးသည့် အပင်များအားလုံး ရှင်သန်ရေးအတွက် သတ်မှတ်ထားသည့် ပျိုးပင်အရွယ်အစားများကို စနစ်တကျစိုက်ပျိုးရန်နှင့် ရာသီဥတုကို အထောက်အကူပြုစေမည့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းကို ဆောင်ရွက်ရန်လိုကြောင်း၊ သမဝါယမစနစ်နှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံးရန်လိုကြောင်းနှင့် ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများ ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အနေဖြင့်လည်း အားပေးကူညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်သွားရန်၊ ကုန်ထုတ်လုပ်သူများအနေဖြင့် အများပြည်သူများ အတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးသွားရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် MSME အသင်း၊ နေပြည်တော် ဆန်၊ ဆီ၊ စားသောက်ကုန်၊ ရေသန့်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)