ဆင်ပေါင်ဝဲမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်




MNP ၊    ဇွန်   ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မစျေးအတွင်း၊ အပြင်၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့များက မြို့မစျေးအတွင်း၊ အပြင်တွင် ရောင်းချလျက်ရှိသော စျေးရောင်းချသူများအား ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးအတွက် ပလတ်စတစ်အိတ်အစားပျက်ဆီးလွယ်သော အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူများဖြင့်အစားထိုးသုံးစွဲရန် လိုက်လံစစ်ဆေး အသိပညာပေးခြင်း၊ အင်ဖက်များအား အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ခန့်ဝင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)