ရ​သေ့တောင်မြို့၊ အထက(၁) ကျောင်း၌ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရ​သေ့တောင်မြို့၊ အထက(၁) ကျောင်း၌ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ





MNP ၊    ဇွန်   ၂၇

 မြို့နယ်လူမှုဦးစီးဌာန မှ ကြီးမှူး၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင် မြို့၊ အထက(၁)ကျောင်းတွင်  လူကုန်ကူးမှုတားဆီးရေးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ က

 အဆိုပါကျောင်းခန်း မဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။


         ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးနိုင်လင်းထက်က  အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသက်နိုင်ဦးက လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ကျောင်းသားလူငယ်များသိကောင်းစရာများကိုအသိပညာပေး ရှင်းလင်းဟောပြောကြားခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းမောင်ကကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသိကောင်းစရာအသိပညာ ဗဟုသုတများကို ဆွေးနွေးပြောကြားခဲ့သည်။ 


 ထိုနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဥက္ကဌ ဦးနိုင်လင်းထက်က ကျောင်းသားလူငယ်များ အနေနှင့် ဟောပြောဆွေးနွေးမှုများအပေါ် လိုက်နာဆောင်ရွက်ပြီး ထူးချွန်ထက်မြတ်သည့်လူရည်ချွန်များ ဖြစ်အောင်ကြိုးစားကြရန်ဆွေးနွေးဟောပြောခဲ့သည်။ 


အဆိုပါ လူကုန်ကူးမှု တားဆီးရေးနှင့်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲသို့အထက(၁)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ကျောင်းသား၊ ကျောင်းသူများ ၂၀၀ ဦးခန့်တက်ရောက်ခဲ့​ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)