Pages

Pages

ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(အခမဲ့)ဆောင်ရွက်ပေးလျှက်ရှိ





MNP ၊    ဇွန်   ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ယနေ့နံနက်(၈)နာရီအချိန်က  ရမ်းဗြဲမြို့ အောင်ဓမ္မဗိမာန်ဓမ္မာရုံတွင် ဒေသခံပြည်သူများအား တိုင်ရင်းဆေးဖြင့်(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည်။


ထိုသို့ဆောင်ရွက်ပေးလျှက်ရှိရာ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဆေးကုသလိုသည့် ဒေသခံပြည်သူများအားရောဂါရှာဖွေ စမ်းသပ်ပေးခြင်း၊ သွေးတိုး ၊ဆီးချိုရှိသူများနှင့် အခြားထုံနာ၊ ကျဉ်နာ၊ ရောဂါရှိသူများအား လိမ်းဆေး၊သောက်ဆေးနှင့် လိုအပ်သည့်  ဆေးဝါးများ ပေးခြင်းဖြင့် (အခမဲ့)ဆေးကုသပေးလျှက်ရှိပါသည်။


ထိုသို့  ဆောင်ရွက်ပေးလျက်ရှိရာသို့   ရမ်းဗြဲမြို့နယ်တွင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်သူတပ်မတော်အရာရှိ  ဗိုလ်မူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး  တိုင်းရင်းဆေးများဖြစ်သည့်  ရှမ်းရိုးမအကြောဖြေလိမ်းဆေး ၊ ထွန်းရွှေဝါအကြောဖြေလိမ်းဆေး၊ ကေသီပန်ဆေးပရုတ်ဆီ၊ ရွှေသွေးသူငယ်နာရင်လူးဆေး၊ စန္ဒီဘယဆေး(၂)မျိုး၊ စုစုပေါင်းဆေး(၆)ခြောက်မျိုးနှင့် ခေါက်ဆွဲခြောက်ထုပ်များကို  ဆေးကုသရန်လာရောက်ကြသည့် ဒေသခံပြည်သူများအား  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်သူ တပ်မတော်အရာရှိ  ဗိုလ်မူးချုပ်ဇော်မင်းအေးမှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။           


အောင်တင်ကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment