နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ ကျောင်းနေ သား/ သမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ ကျောင်းနေ သား/ သမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်



MNP ၊    ဇွန်   ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိမှ  မိမိရုံးဝန်ထမ်းများ၏ ကျောင်းနေသား/သမီးများကို ပညာရေးတွင် တစ်ထောင့်တစ်နေရာ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ပညာသင်အရွယ်၌ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး ကျောင်းနေပျော်စေရေးတို့အား တွန်းအားပေး ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပညာသင်ထောက်ပံ့ကြေးများပေးအပ်ရာ တက္ကသိုလ်အဆင့် (၂)ဦး၊ အထက်တန်းအဆင့် (၂)ဦး၊ အလယ်တန်းအဆင့် (၄)ဦး၊ မူလတန်းအဆင့် (၁၂)ဦး စုစုပေါင်း (၂၀)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး (၃၇၀၀၀၀)ကျပ်အား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဦးစီးအရာရှိတို့က ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။    


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)