ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများစားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများစားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး


MNP ၊    ဇွန်   ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် ဆန်(၁)ပြည်လျှင် ၃၅၀၀ကျပ်ဖြင့် ဆန် (၂၅)ပြည်၊ ဆီ(၁)ပိဿာလျှင် ၆၀၀၀ကျပ်နှုန်းဖြင့်  (၁၀)ပိဿာ၊ ကြက်သား (၁)ပိဿာလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ဝက်သား(၁)ပိဿာလျှင် ၁၁၀၀၀နှုန်းဖြင့် (၅)ပိဿာ၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ကျပ်နှုန်းဖြင့် (၂၀၀)လုံးနှင့်ငါး(၁) ပိဿာလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် (၁၀)ပိဿာတို့အား စျေးနှုန်းများ လျော့၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းကြောင့် ကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ပိုမိုခံစားရရှိကြပြီး စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိသည့်အတွက် ကုန်ကျစရိတ်လည်း များစွာ သက်သာလျက်ရှိကြောင်း သိရသည်။


လှိုင်မျိုးအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)