တောင်ကုတ်မြို့နယ်၌ (၃၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ (၃၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ











MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုယနေ့ နေ့လယ်(၁၂)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ကျင်းပ သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြား ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်နေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက် များကိုရှင်းလင်းပြောကြားသည်။


ထို့နောက် အခြေခံပညာအထက်တန်း ၊ အလယ်တန်းနှင့်မူလတန်းအဆင့် ပန်းချီ ၊ ပိုစတာ ၊ကာတွန်း ပြိုင်ပွဲများတွင် ပြည်နယ်အဆင့်၌ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ၊ဆရာမ များ ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)