MNP ၊ ဇွန် ၂၆
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုယနေ့ နေ့လယ်(၁၂)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ကျင်းပ သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြား ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်နေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက် များကိုရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်း ၊ အလယ်တန်းနှင့်မူလတန်းအဆင့် ပန်းချီ ၊ ပိုစတာ ၊ကာတွန်း ပြိုင်ပွဲများတွင် ပြည်နယ်အဆင့်၌ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ၊ဆရာမ များ ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment