မြောင်းမြမြို့ အ.ထ.က(၆) တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့ အ.ထ.က(၆) တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ



MNP ၊    ဇွန်   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နေ့လယ် ၁၂:၀၀ အချိန်က အ.ထ.က (၆)၊ စစ်တောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမှတ် ၈၁ ယာဥ်ထိန်းရဲတပ်ဖွဲ့စု(မြောင်းမြ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ညီညီအောင်က ကျောင်းသား/ ကျောင်းသူများအား   ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းများ၊ ယာဥ်လမ်းအချက်ပြပုံများကို ဟောပြောခဲ့ပြီး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။


အဆိုပါဟောပြောပွဲကို အ.ထ.က (၆) ကျောင်းအုပ်ဆရာမကြီး  ဒေါ်လဲ့လဲ့ခိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၅၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)