MNP ၊ ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂:၀၀ အချိန်က အ.ထ.က (၆)၊ စစ်တောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမှတ် ၈၁ ယာဥ်ထိန်းရဲတပ်ဖွဲ့စု(မြောင်းမြ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ညီညီအောင်က ကျောင်းသား/ ကျောင်းသူများအား ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းများ၊ ယာဥ်လမ်းအချက်ပြပုံများကို ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲကို အ.ထ.က (၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၅၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment