ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP ၊    ဇွန်   ၂၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ၄နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာ တင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊စည်း ကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။


ဆက်လက်၍ ဗိုလ်လုပွဲစဉ်အဖြစ် ပခုက္ကူတက္ကသိုလ်၊ ဘူမိဗေဒဘာသာရပ်နှင့် သင်္ချာဘာသာရပ်ကိုယ်စားပြု(အမျိုးသား) အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒဘာသာရပ် အသင်းကလည်းကောင်း၊ ဥပဒေပညာရပ်နှင့်ဘူမိဗေဒဘာသာရပ် ကိုယ်စားပြု(အမျိုးသမီး) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒဘာသာရပ် အသင်းကလည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။


ထို့နောက် ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါ‌မောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာဌာနမှူးများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။


အဆိုပါ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၁၂၅ ရက်အထိ ကျင်းပခဲ့ရာ ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံမှ အမျိုးသမီး(၂၁)ဦး၊ အမျိုးသား(၁၃)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)