Pages

Pages

အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရား ဖောက်ပြားတာတွေကို ကျွန်မလုံးဝသည်းခံမှာ မဟုတ်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လာဘ်ထိုးခဲ့ရတဲ့ ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရ




MNP ၊ ဇွန် ၂၉

NLD အစိုးရရဲ့ ပဲ့ကိုင်ရှင်ကြီး အဂတိလိုက်စားမှုတွေ၊ ကိုယ်ကျင့်တရားဖောက်ပြားတာတွေကို လုံးဝသည်းခံမှာ မဟုတ်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ငွေ အမေရိကန်ဒေါ်လာ ၅၅၀၀၀၀ ပေးခဲ့ရသည့် ဦမောင်ဝိတ် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သူရဲ့ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

စေပိုင်ကုမ္ပီပိုင်ရှင် ဦးမောင်ဝိတ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန်ဒေါ်လာ ၅၅၀၀၀၀ ပေးခဲ့ရသည်ကို ဝန်ခံထွက်ဆိုခဲ့သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဦးမောင်ဝိတ်၊ ဖြိုးမင်းသိန်းတို့ ထံမှ ဒေါ်လာနှင့် ရွှေ အမြောက်အများ အဂတိလိုက်စားမှုများ အပြင် အဂတိလိုက်စားမှု ၉ မှု ရင်ဆိုင်နေရပြီး အဂတိလိုက်စားပြီး ရယူထားသည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ (၄)သန်းကျော် နှင့် မြန်မာကျပ်ငွေ သိန်းပေါင်းငါးသောင်းကျော် ရာထူးအာဏာအလွဲသုံးစားလုပ်၍ အဂတိလိုက်စားခဲ့သူဖြစ်သည်။

ထိုသို့ အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့သည့် ဒေါ်စု ထမီနားကို ခို၍ နိုင်ငံရေးလုပ်စားနေသူများနှင့် ပြည်ဖျက်မီဒီယာများတွင် ဒေါ်စု ကို သူတော်စင်သဖွယ် ရေးသားဖော်ပြနေကြခြင်းကြောင့် နီပိန်းများမှာ အမှန်တရားကို မသိနိုင်ဘဲ တိုင်းပြည်နှင့် လူမျိုးကို နည်းမျိုးစုံဖြင့် ဒုက္ခပေးခဲ့သည့် အမျိုးသမီးကို ကယ်တင်ရှင်အဖြစ် ထင်မှတ်မှားနေကြဆဲဖြစ်သည်။


#MyanmarNationalPost


No comments:

Post a Comment