ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် တာဝန်ရှိသူများနှင့်အတူအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် တာဝန်ရှိသူများနှင့်အတူအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေး






MNP ၊    ဇွန်   ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်   ကျောင်းသန့်ရှင်း သာယာ လှပစေရေး အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ ၊ ဆရာ၊ဆရာမများ ၊ လူမှုရေးအဖွဲ့အစည်းများ တပ်မတော်သား များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန် ကညင် တန်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ပြန်လည် ထူထောင်ရေး ဆောင်ရွက် ရန် ရောက်ရှိနေသော  ဗိုလ်မှူးချုပ် တင်ဆွေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့၀င်များ ၊မြို့ နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှု အားပေးပြီး  လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ 


ထို့သို့ဆောင်ရွက်ရာတွင်  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဆရာ၊ဆရာမများ ၊ စည်ပင်သာယာရေးအဖွဲ့ ၊ တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေး စောင့် ရှောက် ရေးအသင်း ၊  ကြက်ခြေနီတပ်ဖွဲ့များ ၊  လူမှုရေးအဖွဲ့အစည်းများ ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ လူထုများ စုစုပေါင်းအင်အား ၅၄၀ ဦးခန့်က ကညင်တန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက် တန်း ကျောင်းတွင်   ကျောင်းသန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းခြံဝင်း အတွင်းရှိ မြက်ပင် ၊ ပေါင်ပင်များ ၊ ချုံနွယ်မျာ ၊  အမှိုက် သရိုက်များ ၊ ပြိုလှဲနေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းပြီး မြို့နယ် စည်ပင်သာယာရေး အမှိုက်သိမ်း ကားဖြင့် သိမ်း ဆည်းပြီး စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 


အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်  ဆရာ၊ ဆရာမ ၅၈ ဦး နှင့်  ၂၀၂၃ -၂၀၂၄ ပညာသင် နှစ်အတွင်း ကျောင်းတက်ရောက်သင်ယူနေကြသော Grade-6 မှ Grade-12 အထိ ကျောင်းသားကျောင်းသူ ၁၂၀၀ ဦးခန့် ပညာသင်ယူလျက် ရှိကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)