နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ် မြေသြဇာစက်ရုံဖွင့်ပွဲတက်ရောက်






MNP ၊    ဇွန်   ၂၉

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ်မြေသြဇာစက်ရုံဖွင့်ပွဲကို ဇွန်(၂၈)ရက်နံနက်(၁၀)နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းဘေး၊ ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပသည်။


စက်ရုံဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ မြေသြဇာစက်ရုံ တည်ဆောက်နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းအတွက် မြေသြဇာလုံလောက်အောင် ဆောင်ရွက်ပေးခြင်းနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မား စေရေးနှင့် ဒေသခံတိုင်းရင်းသားများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။


ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးက အဖွင့်အမှာစကား ပြောကြားပြီး ရွှေမိုင်းစိတ်မြေသြဇာ ကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမြင့်အောင်သိန်းနှင့် ဦးကျော်ကိုထိုက်တို့မှ စက်ရုံဖွင့်လှစ်ရခြင်း အကြောင်းအရင်းနှင့် ကျေးဇူးတင်စကား ပြောကြားပြီး ရွှေမိုင်းစိတ်မြေသြဇာ ကုမ္ပဏီလီမိတက်၏ နည်းပညာအကြံပေး စိုက်ပျိုးရေးပညာရှင် ဦးသက်ဦး(BAg)မှ ရွှေမိုင်းစိတ်မြေသြဇာနှင့် ပတ်သက်၍ အပင်များအတွက် အကျိုးပြုမှုအား ရှင်းလင်းတင်ပြ၍ ဒေသခံတိုင်းရင်းသား တောင်သူတစ်ဦးမှ ရွှေမိုင်းစိတ်မြေသြဇာစက်ရုံ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်စကား ပြောကြားသည်။


ထို့နောက် ရွှေမိုင်းစိတ်မြေသြဇာစက်ရုံအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်း၊ သရုပ်ဆောင် ကိုကျော်ကျော်နှင့် ဆုမြတ်နိုးဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


အဆိုပါ ရွှေမိုင်းစိတ်မြေသြဇာစက်ရုံမှ သဘာဝဂျစ်ဆမ်မြေသြဇာ၊ သဘာဝဒိုလိုမိုက် မြေပြင်မြေသြဇာ၊ ဂျစ်(ပ်)ဆန်မြေသြဇာများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။


မောင်မောင်သန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)