ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် မုန်တိုင်းသင့်ပြည်သူများအား ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် မုန်တိုင်းသင့်ပြည်သူများအား ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး








MNP ၊    ဇွန်   ၁၀

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် မုန်တိုင်းသင့်ပြည်သူများအား ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ပူးပေါင်း၍  စာသင်ကျောင်း အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား လည်းကောင်း၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးနှင့် မြို့အဝင်ကားလမ်းတစ်လျှောက် အုန်းပင်စိုက်ပျိုးနိုင်ရေး  အတွက် စုပေါင်းမြေနေရာရှင်းလင်းဆောင်ရွက်မှုအား သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ အရာရှိ၊ စစ်သည်များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့သည်။ 



ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကြက်သား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီး ဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)