MNP - ဇွန် ၁၁
အင်တာမီလန်အသင်းရဲ့ အဓိကဂိုးသမား အန်ဒရေ အိုနာနာက ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးအသင်းကို ၁ဂိုး၊ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တဲ့အပြီး အင်တာဗျူးမှာ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အတည်ပြု ပြောကြားခဲ့သည်။
အန်ဒရေ အိုနာနာ“အင်တာမီလန်မှာ အရမ်းပျော်ပါတယ်။ ဒီပရော်ဖက်ရှင်နယ်အဆင့်မှာ မင်းဘာတွေဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အိုနာနာက“ကျွန်တော် အင်တာမီလန်အတွက် အဆင်သင့်ဖြစ်နေပါပြီ၊ သူတို့က ဆုံးဖြတ်ပြီး သူတို့လိုချင်တာကို လက်ခံမှာပါ။ အင်တာမီလန်မှာ ပျော်ပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အသက် ၂၇နှစ်အရွယ် ကင်မရွန်းလက်ရွေးစင်ဟာ ချဲလ်ဆီးအသင်းအပါအဝင် အခြားသော ဥရောပကလပ်အသင်းကြီးအများစုရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment