မြောက်ဦး၊ မင်းပြားနှင့်မြေပုံမြို့နယ်များ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည် ဖြန့်ဖြူးပေးနိုင်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦး၊ မင်းပြားနှင့်မြေပုံမြို့နယ်များ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည် ဖြန့်ဖြူးပေးနိုင်ပြီ

 


 

MNP ၊ ဇွန် ၂၄

မေ ၁၄ ရက်က အလွန်အားပြင်းသော မိုခါမုန်တိုင်း သက်ရောက်မှုဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ၁၀ မြို့နယ်သို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးထားသည့် ၂၃၀ ကေဗွီ ၊ ၆၆ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့များသို့ ဇွန် ၇ ရက်နှင့် ဇွန် ၁၈ ရက် တို့တွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်သည်။


ဆက်လက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျန်ရှိနေသော ဒေသများအား လျှပ်စစ်မီးရရှိနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ဇွန် ၂၃ ရက်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - မြောက်ဦး ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြုပြင်ဆောင်ရွက်ပြီးဖြစ်သဖြင့် မြောက်ဦးမြို့ရှိ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ မြောက်ဦးဓာတ်အား ခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၅)ဖီဒါမှ ၁၁/ဝ.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၉၄ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ခုနစ်ရပ်ကွက်နှင့် ကျေးရွာ ၂၆ ရွာရှိ မီးသုံးသူ ၅၃၅၇ ဦး၊ မင်းပြားမြို့ရှိ ၆၆/ ၃၃/၁၁ ကေဗွီ မင်းပြားဓာတ်အား ခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၄) ဖီဒါမှ ၁၁/ဝ.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ အလုံး ၄၀ ဖြင့် မြို့ပေါ်ရပ်ကွက် ရှစ်ရပ်ကွက်နှင့် ကျေးရွာသုံးရွာရှိ မီးသုံးသူ ၃၁၂၁ ဦး၊ မြေပုံမြို့ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ (၂) ဖီဒါမှ ၁၁/ဝ.၄ ကေဗွီ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၂၄ လုံးဖြင့် မြို့ပေါ်ရပ်ကွက် ကိုး ရပ်ကွက်နှင့် ကျေးရွာ ငါးရွာရှိ မီးသုံးသူ ၂၃၁၀ တို့အား ဓာတ်အား ဖြန့်ဖြူးပေးထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)