လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအား ကြားနာဆုံဖြတ်ရာတွင် သမာသမတ်ရှိရှိ စစ်ဆေးဆုံးဖြတ်ရန်နှင့် မြေယာလျော်ကြေးကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအား ကြားနာဆုံဖြတ်ရာတွင် သမာသမတ်ရှိရှိ စစ်ဆေးဆုံးဖြတ်ရန်နှင့် မြေယာလျော်ကြေးကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား




ပုသိမ် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး (၂/၂ဝ၂၃) အစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းကတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ပြုလုပ်ရာ လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအား ကြားနာဆုံဖြတ်ရာတွင် သမာသမတ်ရှိရှိ စစ်ဆေးဆုံးဖြတ်ရန်လိုပါကြောင်း၊ မြေယာလျော်ကြေးကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က ထည့်သွင်းပြောကြားသွားသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးသည် လယ်ယာမြေနှင့်ပတ်သက်၍ အမှုတွဲများ များပြားပါကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအား ကြားနာဆုံဖြတ်ရာတွင် သမာသမတ်ရှိရှိ စစ်ဆေးဆုံးဖြတ်ရန်လိုပါကြောင်း၊ မြေယာလျော်ကြေးကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှင်းလင်းတင်ပြမည့်တာဝန်ခံများကလည်း ပြည့်ပြည့်စုံစုံအချိတ်ဆက်မိမိ ရှင်းလင်းတင်ပြရန်နှင့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်” အမှာစကားပြောကြားသည်။ 


ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက (ဟင်္သာတ၊ ညောင်တုန်း) မြို့နယ်များအတွင်းရှိ တောင်သူများအား နစ်နာကြေးနှင့် လျော်ကြေး ပေးလျော်နိုင်ရေးအတွက် တွက်ချက်မှု (ပုံစံ-၁၂)ဖြင့်ပူးတွဲဇယား (၁)ပါ အမှုတွဲ (၂) တွဲအားလည်းကောင်း၊ မအူပင်ခရိုင်အတွင်းရှိ ပူးတွဲဇယား (၂) ပါ (ပန်းတနော်၊ ညောင်တုန်း)မြို့နယ်အတွင်းရှိ တောင်သူများမှလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပျောက်ဆုံး/ပျက်စီးခြင်းအတွက် ဒုတိယမူရင်း (သို့) မိတ္တူမှန် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာမှုများအပေါ် မအူပင်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ စိစစ်ဆောင်ရွက်ပြီး တင်ပြလာသည့်ကိစ္စအားလည်းကောင်း၊လယ်မြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ထားသည့် ပူးတွဲဇယား (၃)ပါလုပ်ငန်းစာတွဲ (၆)တွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်/ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဒဏ်ကြေးအဆိုပြုတင်ပြလာသည့် ကိစ္စအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ ဆုံးဖြတ်ချက်ကိုမကျေနပ်၍ လယ်ယာမြေဥပဒေပုဒ်မ ၂၅ အရ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ အယူခံဝင်တင်ပြလာသည့် ကြားနာစိစစ်ပြီးပူးတွဲဇယား ၄ ပါ မြေယာအယူခံမှု (၁၀)မှုကိစ္စ များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)