ဖောက်သည်နိုင်ငံများက သတ်မှတ်ထားသည့် ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းများ၊ ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းအရည် အသွေးများနှင့်အညီ ဖြစ်စေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောက်သည်နိုင်ငံများက သတ်မှတ်ထားသည့် ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းများ၊ ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းအရည် အသွေးများနှင့်အညီ ဖြစ်စေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မှာကြား


MNP ၊ ဇွန် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာရှိ ငါးလုပ်ငန်းဦးစီးဌာနဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ အနုစိတ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ်တာဝန်ရှိသူများက နိုင်ငံတကာတရားဝင်အသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ကို သတ္တမအကြိမ်အထိရရှိခဲ့မှု အဆင့်ဆင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC ၏ အကြံပြုချက်များ၊ အဏုဇီဝဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ၊ ဗဟိုဓာတ်ခွဲခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသဆိုင်ရာဓာတ်ခွဲခန်းလုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ငါးပုစွန် ပြုပြင်ထုတ်လုပ်သော အအေးခန်းစက်ရုံများအား လစဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စီမံချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ မြန်မာ့လယ်ယာသားငါးပို့ကုန်များ တင်ပို့မှုတွင် ငါးပုစွန်နှင့် ရေထွက်ကုန်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ်ပါဝင်လျက်ရှိရာ မိမိနိုင်ငံ၏ ထွက်ကုန်အရည်အသွေးဆိုင်ရာ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များ၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ဖောက်သည်နိုင်ငံများက သတ်မှတ်ထားသည့် ရေထွက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုဆိုင်ရာစံနှုန်းများ၊ ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းအရည် အသွေးများနှင့်အညီ ဖြစ်စေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။

မြန်မာ့မွေးမြူရေးရေထွက်ကုန်များအတွက် အမျိုးသားအဆင့် ဓာတုဓာတ်ကြွင်းထိန်းချုပ်မှု အစီအမံများနှင့်အညီ ကုန်ကြမ်းပစ္စည်းအပါအဝင် ထုတ်လုပ်မှုအဆင့်ဆင့်၏ သန့်ရှင်းရေး၊ ဓာတ်ကြွင်း များနှင့် ရောဂါဖြစ်ပွားစေသော ပစ္စည်းများအား စောင့်ကြည့် ထိန်းသိမ်းသွားရန်ဖြစ်ကြောင်း၊ ဓာတ်ခွဲ ခန်း ပညာရှင်များအနေဖြင့်လည်း နိုင်ငံတကာ အသိအမှတ်ပြု နည်းစနစ်ကောင်းများကို ပိုမိုသိရှိနားလည်ရေးနှင့် ဓာတ်ခွဲခန်းဆိုင်ရာ နည်းပညာများကို တိုးမြှင့်လေ့လာပြီး မျိုးဆက်သစ်လူငယ်ပညာရှင်များအား လက်ဆင့်ကမ်း မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင် ပြုစုစောင့်ရှောက်ထားရှိသည့် မိကျောင်းဥနှင့် သားပေါက်အဆင့်မှ အရွယ်ရောက် မိကျောင်းများအထိ အဆင့်အလိုက် လုပ်ငန်းဆောင်ရွက်မှု၊ မြေသားကန် ကွန်ကရစ်ကန်များဖြင့် မိကျောင်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ငါးလုပ်ငန်းဦးစီးဌာန ရေအရည်အသွေး စစ်ဆေးရေး နှင့် ရေချိုသုတေသနဌာနစု၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ  ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)