ပုဏ္ဏားကျွန်းမြို့၌ လေဖိအားနည်းအန္တရာယ်ကြိုတင်ကာကွယ်ရေး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား အသိပေးကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ လေဖိအားနည်းအန္တရာယ်ကြိုတင်ကာကွယ်ရေး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား အသိပေးကြေညာ




MNP ၊    ဇွန်   ၁၀

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အားကောင်းသော လေဖိအားနည်းအန္တရာယ်ကြိုတင်ကာကွယ်ရေး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်များအား အသိပေးကြေညာခြင်းကို မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့မှ ကြီးကြပ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့၊ ညနေ (၈)နာရီက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည် အသိပေးကြေညာခဲ့သည်။


ထိုသို့အသိပေးကြေညာရာတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ယမန်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁း၃၀)နာရီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာရာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသို့ ရောက်ရှိလာပြီး၊ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄) နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်နိုင်ပါသဖြင့် မိဘပြည်သူများတို့အနေဖြင့် မြစ်ကမ်းအနီးတွင် နေထိုင်းခြင်းမပြုကြရန်၊ အန္တရာယ်ရှိသော အဆောက်အဦးများ၊ သစ်ပင်များ၊ ဓာတ်တိုင်များ အောက်တွင် နေထိုင်ခြင်းမပြုကြပါရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် အသိပေးလှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)