အရိမဒ္ဒနပူရ် ငါးကျိပ်ငါးပါးသောပြည့်ရှင်မင်းမြတ်အပေါင်းတို့အားရည်စူးကုသိုလ်တော် ပူဇော်အထူးပြုပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရိမဒ္ဒနပူရ် ငါးကျိပ်ငါးပါးသောပြည့်ရှင်မင်းမြတ်အပေါင်းတို့အားရည်စူးကုသိုလ်တော် ပူဇော်အထူးပြုပွဲ



၁၃၈၅ခု၊ပထမဝါဆိုလပြည့်နေ့                                                                              ၂.၇.၂၀၂၃ တနဂ်နွေနေ့နံနက် 


              အရိမဒ္ဒနပူရ် ငါးကျိပ်ငါးပါးသောပြည့်ရှင်မင်းမြတ်အပေါင်း၊မိဖုရားခေါင်ကြီးများ၊မိဖုရားကြီးအပေါင်း၊မှူးကြီးမတ်ရာသေနာပတိကြီးများအပေါင်း၊သူရဲကောင်းစစ်သူကြီးများအပေါင်း၊ပုဂံအနုသုခုမပညာလက်ရာရှင်ကြီးများအပေါင်း၊ပုဂံတိုင်းနိုင်ငံသူ နိုင်ငံသားရဟန်း ရှင် လူ ပြည်သူ ခုနှစ်ရက်သားသမီးများအပေါင်း၊တို့အတွက် ရည်စူးကုသိုလ်တော်အဖြစ်.............................


              ၁၃၈၅ခု၊ပထမဝါဆိုလပြည့်နေ့၊၂.၇.၂၀၂၃ တနဂ်နွေနေ့နံနက်တွင် အရိမဒ္ဒနပူရ် ပထမဆုံးသောနန်းတော်၊

ယုနမလွှတ်ကျွန်းနန်းတော်ရာ မဟာဘူမိနက်သံအောင်မြေတွင် မြတ်စွာဘုရားရှင်ထံဦးထိပ်ပန်ဆင်၍

သာသနာပွဲတော် ဆွမ်းတော် သစ်သီးစုံတော် ယိုစုံတော် ခဲဖွယ်ဘောဇဥ်တော် ချိုချဥ်အရသာစုံလင် ရေချမ်းတော် ပန်းတော် အမွှေးနံ့သာ အလင်းတိုင် တို့ဖြင့်ဆက်ကပ်လှူဒါန်း ပူဇော်အထူးပြုခြင်းမဂ်လာ.........................


              ဝတ်အသင်းများမှပရိတ်တရားဒေသနာတော်၊ပဌာန်းတရားဒေသနာတော်၊မေတ္တာပို့သ၊အမျှအတမ်းများပေးဝေငှခြင်းမဂ်လာ..........တို့ဖြင့် ဒုတိယနှစ်(ဒုတိယအကြိမ်မြောက်)ဆင်ယင်ကျင်းပမည်ဖြစ်သည်။


                    ငါးကျိပ်ငါးပါးသောပြည့်ရှင်မင်းမြတ်အပေါင်းတို့အတွက် ထီးဖြူး သာသနာ့အလံ အထိမ်းအမှတ်ဗီနိုင်း၊ ဝတ်အသင်းသူဝတ်အသင်းသားများအတွက် လှူဒါန်းမှုအစီအစဥ်၊လူပရိတ်သတ်များအတွက်အာဟာရဒါနကုသိုလ်တိုအတွက်........


                   မည်သူမဆိုကုသိုလ်ပါရမီဖြည့်နိုင်ရန်အတွက်အဆွေတော်အပေါင်း၊ပုဂံနှင့်ရေစက် ပဌာန်းဆက်ရှိသူအပေါင်းတို့အားလေးစားစွာဖြင့်ကြိုတင်အသိပေးဖော်ပြလိုက်ရပါသည်ခင်ဗျာ။


ပုဂံသာသနာတော်မြတ်ထံ

ဦးထိပ်ပန်ဆင်ပူဇော်အထူးပြုကြသူ

အမြတ်တနိုးတန်ဖိုးထားကြသူ

ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြသူ

ကုသိုလ်ပြုလှူဒါန်းကြသူ

တစ်ဦးတစ်ယောက်ချင်းစီအား

ဦးညွှတ်လေးစားခြင်းများစွာဖြင့်............


ပျူဂံခ

အရိမဒ္ဒနပူရ်


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)