မအီမြို့ ဂျီဖြူတောင်ကျေးရွာ အခြေစိုက် "ဖြေဆည်ရာ" လူမှုကူညီရေးအသင်းမှ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ ဂျီဖြူတောင်ကျေးရွာ အခြေစိုက် "ဖြေဆည်ရာ" လူမှုကူညီရေးအသင်းမှ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ





MNP ၊    ဇွန်   ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ဂျီဖြူတောင်ကျေးရွာအခြေစိုက် " ဖြေဆည်ရာ " လူမှုကူညီရေးအသင်းမှာ မိမိဒေသအတွင်းရှိ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို မိမိတို့အသင်းအဖွဲ့၏ တတ်နိုင်သည့်အားဖြင့် အကျိုးပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ လူမှုကူညီရေးအသင်းကို မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူ ဒေသခံလူငယ် (၂၇)ဦးတို့က ယခုနှစ် ဖေဖော်ဝါရီ(၂)ရက်နေ့မှ စတင်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း "ဖြေဆည်ရာ" လူမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူး ကိုအောင်တင်ဝင်းက ပြောကြားသည်။


 " အစကတော့ ကိုယ့်ကျေးရွာ သုသာန်မြေနေရာမှာ မီးသင်္ဂြိုဟ်စက် တည်ဆောက်နိုင်ရေး ကြိုးစားကြရင်း လူငယ်တွေစုစည်းပြီး အသင်းကို ဖွဲ့စည်းဖြစ်တာပါ။ မီးသင်္ဂြိုဟ်စက် တည်ဆောက်ခြင်းကို ဧပြီလ(၄) ရက်နေ့က စတင်အကောင်အထည်ဖော်ခဲ့ရာမှ ယခုဆိုလျှင် စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။ အထက (ခွဲ) ဂျီဖြူတောင်ကျောင်းတွင်လည်း ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်စေရန်အတွက် မြေနေရာများ တိုးချဲ့ဝယ်ယူပေးပြီး မြေညှိခြင်းလုပ်ငန်းကို စက်ယန္တရားကြီးများ ငှားရမ်းအသုံးပြု၍ လှူဒါန်းပြုပြင်ပေးခြင်းနှင့် ကျောင်းအတွက် လိုအပ်လျှက်ရှိသော ရေအရင်းအမြစ်အဖြစ် တိုးချဲ့ဝယ်ယူလှူဒါန်းပေးထားသော မြေနေရာတွင် ရေတွင်းတစ်တွင်းတူးဖော်ပေးခြင်း၊ မူလတန်းအဆင့် ကျောင်းသား/သူများ သန့်ရှင်းသပ်ရပ်စွာအသုံးပြုနိုင်ရန်အတွက် (၂ ခန်းတွဲ) ယင်လုံအိမ်သာတစ်လုံး ဆောက်လုပ်လှူဒါန်းပေးခြင်း စသည့် အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ 


ဆက်လက်၍လည်း အသင်းရေရှည်တည်တံ့စေရေးနှင့် ဒေသအကျိုးပြုလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်သွားမှာပါ။ " ဟု ကိုအောင်တင်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။


"ဖြေဆည်ရာ" လူမှုကူညီရေးအသင်းအနေဖြင့် အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တရားဝင်ဆောင်ရွက်နိုင်စေရေးအတွက် ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဖြင့် ခွင့်ပြုပေးနိုင်စေရေးအတွက် ငွေကြေးပေးသွင်း လျှောက်ထားပြီးဖြစ်ကြောင်း တောင်ကုတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)