မိုင်းနောင်မြို့ အ.ထ.ကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲဆုပေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့ အ.ထ.ကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲဆုပေးပွဲပြုလုပ်



MNP ၊    ဇွန်   ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ နှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲဆု​ပေးပွဲကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ညနေ  (၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲဆု ပေးပွဲအခမ်းအနားကို မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြား၍  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ စခန်းမှူး ရဲအုပ်ဇော်ဝင်းက မူးယစ်ဆေးဝါး ဥပဒေများအကြောင်း၊ အထက်တန်းသူနာပြု ဒေါ်နန်းဟိန်းခမ်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အကြောင်းရှင်းလင်းဟောပြောကာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာများမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မနန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)